စိတ်တွေ တက်ကြွ လှုပ်ရှားနေမယ်....။ခွန်အားတွေ ယုံကြည်မှုတွေ ရှိနေမယ်။ ငါလုပ်နိုင်တယ် လုပ်ရင်ဖြစ်မယ် ဆိုတဲ့ ယုံကြည်မှု စိတ်ဓာတ်ခွန်းအားတွေ ဖြစ်စေတယ်။ လုပ်စရာရှိတဲ့အလုပ်တွေအားလုံးကို ရဲရဲကြီး အောင်မြင်အောင်လုပ်ဆောင်နိုင်လိမ့်မယ်။ မျော်လင့်ချက်တွေ ရည်မှန်းချက်တွေ ခွန်အားသစ်တွေ နိုးထစေမယ့်နေ့ပဲ ဖြစ်ပါတယ်။ စိတ်ခွန်အား လူခွန်အား တိုးတက်စေမယ့်သဘောဖြစ်ပြီး လုပ်ဆောင်မှုအားလုံး အောင်မြင်စေတတ်ပါတယ်....။ တာဝန်ပေးခံရခြင်း....၊တာဝန်ယူဆောင်ရွက်ရခြင်း....၊ခရီးသွားရခြင်း....၊ ရွေ့ပြောင်းလှုပ်ရှားမှု ဖြစ်ခြင်းတွေ ရှိပါတယ်....။ ဒီနေ့မှာ ကိုယ်လုပ်စရာရှိတာ အားလုံးကို အကောင်းဆုံးဆောင်ရွက်နိုင်ပါမယ်....။
အရင်ကမပြီးပြတ်သေးတဲ့အလုပ်တွေ တာဝန်တွေနဲ့အတူ ကြန့်ကြာနေတဲ့အလုပ်ကိစ္စတွေကို ပြီးပြတ်အောင် ဆောင်ရွက်ပါ။ စိတ်ကူးကောင်း အကြံဉာဏ်ကောင်းနဲ့ ထူးခြားတဲ့ အိုင်ဒီယာသစ်တွေ ဖြစ်ပေါ်စေတတ်တဲ့ နေ့ဖြစ်ပါတယ်။ အရှိန်ဟုန်နဲ့ရှေ့ဆက် သွားမယ့် စစ်သည်တော် လိုပြောရမှာပါ။

အကြံပေးချက်
မိတ်ဆွေ....သင့်ရဲ့ စိတ်ခွန်အား လူခွန်အား ခံစားချက်အားလုံးကို သတိပြုကြည့်ပါ....။
ကောင်းမြတ်သောလမ်းညွှန်ချက်များ ရရှိပါလိမ့်မယ်။

ကံကောင်းသောနံပတ်
2,5,7




Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ