အိမ်မှာရှိတဲ့ မကောင်းတဲ့ အငွေ့အသက်တွေကို တိုက်ဖျက်နည်း


အိမ်မှာရှိတဲ့ မကောင်းတဲ့ အငွေ့အသက်တွေကို တိုက်ဖျက်နည်း
သင့် အိမ်မှာ မကောင်းတဲ့ အငွေ့အသက်တွေ ရှိနေနိုင်တယ်။ ဒီလိုလေး မကြာမကြာ လုပ်ပေးလိုက်ပါ။ အိမ်မှာနေရတာ ငြီးစီစီကြီး၊ တစ်မျိုးကြီးဖြစ်နေတယ်လို သင်ခံစားနေရပါသလား။ အိမ် ထဲမှာ သင်မမြင်နိုင်တဲ့ မကောင်းတဲ့အငွေ့အသက်တွေတစ်ခါတစ်ရံရှိနေတတ်ပါတယ်။ ဒါကိုဖျက်ပြီး နေချင်စရာကောင်းတဲ့အိမ်လေးဖြစ်ဖို အောက်ပါရိုးရှင်းတဲ့နည်းကို သုံးနိုင်ပါတယ်။
နည်းလမ်းကတော့ ဖန်ခွက်တစ်ခွက်ရယ်၊ ဆားရယ်၊ ဗီနီဂါရည်ရယ်ပဲလိုတယ်လို ဆိုပါတယ်။
ဖန်ခွက်ထဲ ဆားအနည်းငယ်၊ ရေအနည်းငယ်၊ ဗီနီဂါရည်အနည်း ငယ်ကို ရောထည့်ပြီး အိမ်ရဲ့ ဧည့်ခန်းဖြစ်ဖြစ်၊အိပ်ခန်းဖြစ်ဖြစ် သင်အလိုရှိတဲ့နေရာမှာထားထားပါ။
တစ်ရက်ကြာအောင်ထားရမှာဖြစ်ပါတယ်။၂၄နာရီပြည့်တဲ့အခါ ဖန်ခွက်ကိုပြန်လာစစ်ပါ။ ဆားအခြေအနေကိုကြည့်ပါ။ ဆားတွေက အပေါ်ကို တက်နေတယ်၊ ဒါမှမဟုတ် ရေလျှံကျနေမယ်ဆိုရင် အဆိုပါနည်းလမ်းအတိုင်းထပ်မံပြုလုပ်ပြီးထားပါ။
ဆားတွေအပေါ်တက်တာရပ်တဲ့အထိ ထားရမှာဖြစ်ပါတယ်။
အိမ်ထဲလူမမြင်တဲ့နေရာမှာထားရင် မကောင်းတဲ့အငွေ့အသက်တွေ စုပ်ယူပေးပြီး အိမ်မှာနေရတာပိုပြီး ပျော်ဖိုကောင်းလာလိမ့်မယ်လို ဆိုပါတယ်။

Read More - 


Telegram Link - https://t.me/+D-dLN8Pgm7szNDU1


Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en


Facebook Page Link - https://www.facebook.com/profile.php?id=100089971632803


https://aungnaingmaw.blogspot.com/

 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ