ယနေ့အတွက် အဆက်သွယ်ပြတ်နေတဲ့ အသိမိတ်ဆွေတွေနဲ့ ပြန်ပြီးဆုံတွေ့ရတတ်တယ်။ ကိုယ်ရပ်နားထားတဲ့အလုပ်အကိုင်တွေ၊ အခက်အခဲကြောင့် ကြန့်ကြာသွားတဲ့ ကိစ္စတွေ ပြန်ပြီးအကောင်အထည်ပေါ်လာတတ်တယ်။ ရစရာရှိတဲ့ ငွေကြေး ပြန်ရနိုင်ပါတယ်။ အနာဟောင်း ရောဂါဟောင်း ပြန်ပေါ်တတ်တာလေးတော့ သတိထားရမယ်။ အတိတ်မှာ အရာရာက ပျက်စီး၊ ပြီးဆုံးခဲ့ပြီး ဖြစ်ပေမယ့် ဒီနေ့ဟာ အသစ်တစ်ဖန်ပြန်မွေးဖွားခြင်း ဖြစ်ပါတယ်။ မိမိပြုသော ကောင်ကျိုး မကောင်းကျိုးရဲ့ အကျိုးဆက်ကို ပြန်ပြီးခံစားရတတ်သောအချိန်ကာလလည်းဖြစ်ပါတယ် လုပ်ငန်းခွင်ပိုင်းမှာ ပိုမိုကောင်းမွန်သော အခွင့်ရေးတွေ မထင်မှတ်ထားသော ချီးမြင့်မှုမျိုးတွေကို ရစေတတ်ပါတယ်။ တစ်နေ့တာမှာ လုပ်သမျှကိစ္စတွေက ၂ကြိမ် ၂ခါ ထပ်ဆောင်ရွက်ရတတ်ပါတယ်။ နိုင်ငံရပ်ခြားခရီးဝေးသွားခြင်း အဆက်သွယ်လုပ်ခြင်းပြုသူများ အဆင်ပြေပါမယ်။ အလုပ်အင်တာဗျူးခေါ်ခြင်း နေရာဌာနအပြောင်းရွေ့ပေါ်ခြင်းမျိုးတွေ ဖြစ်စေတတ်တယ်။ အိမ်နေရာကိစ္စ မြေကိစ္စ အမွေကိစ္စများ ဖြေရှင်းခြင်း ရောင်းချခြင်း ပြုရတတ်တယ်။ မြေထွက်ပစ္စည်းများ အကျိုးပေးတယ်။
ကံကောင်းစေသော နံပါတ်
2,7,20
Comments
Post a Comment