ဘုရားဂုဏ်တော် ပွားများရခြင်းရဲ့ အကျိုးကျေးဇူး
ဘုရားဂုဏ်တော် ပွားများရခြင်းရဲ့ အကျိုးကျေးဇူး
၁။ အရဟံ ဂုဏ်တော်ကိုပွားများလျှင်
ဘေးရန်ကင်း၍ ကျန်းမာ၏။ လာဘ်လာဘ ပေါများ၏။ နေရာထိုင်ခင်း ကောင်းကောင်း နေထိုင်ရ၏။
စိတ်ရွှင်လန်း၏။ ဉာဏ်ပွင့်လင်း၏။ စာမေးပွဲတွေ လွယ်လွယ်ကူကူ အောင်မြင်၏။
၃။ ဝိဇ္ဇာစရဏ သမ္ပန္နောဂုဏ်တော်ကို ပွားများလျှင်…
ဝိဇ္ဇာပညာဖြင့် အသက်မွေးရ၏၊ ပြိုင်ဘက်မရှိ တတ်မြောက်ကျွမ်းကျင်ရ၏။
၄။ သုဂတောဂုဏ်တော်ကို ပွားများလျှင်…
စကားစစ်ထိုး နိုင်၏၊ အမှုအခင်း နိုင်၏။ အရောင်းအဝယ် ကောင်း၏။ အရေးကြီးကိစ္စ ပြောဆို အောင်မြင်၏။
၅။ လောကဝိဒူဂုဏ်တော်ကို ပွားများလျှင်…
လောကရေး လူမှုရေး အဖြာဖြာတို့ကို ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင် သိ၏။
၆။ အနုတ္တရော ပုရိသ ဒမ္မသာရထိ ဂုဏ်တော်ကို ပွားများလျှင်…
လူ၊ နတ်တို့၏ အလယ်တွင် ကျော်ဇော၏။ လူတကာ ချစ်ခင်ခြင်း လေးစားခြင်းကို ခံရ၏။
၇။ သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်ကို ပွားများလျှင်…
နှုတ်စ၊ လျှာစထက်မြက်ရ၏။ ဆိုတိုင်းရ၏။ ပြောတိုင်း အောင်၏။ ကြံတိုင်း ပြီးမြောက်ရ၏။
(စိတ္တဇ၊ ဝေဒနာရှင်များကို ဤဂုဏ်တော်ကိုရွတ်ပြီး ရေမန်းထုတ်လျှင် ပျောက်ကင်းရ၏။)
၈။ ဗုဒ္ဓေါဂုဏ်တော်ကို ပွားများလျှင်…
ဘေးဆိုး၊ ရန်ဆိုး ကြမ္မာဆိုး အမျိုးမျိုးမှ လွတ်ကင်း၍ ချမ်းသာခြင်း အမျိုးမျိုးနှင့် ပြည့်စုံရ၏။
၉။ ဘဂဝါဂုဏ်တော်ကို ပွားများလျှင်…
ဘုန်းတန်ခိုး တေဇော် အာနုဘော်ကြီး၏။ မိမိပြောသမျှ၊ ဟောသမျှ အောင်မြင်ရ၏။ ဂုဏ်တော်ပွားရခြင်း အကျိုးကျေးဇူးများက များပြားလှပေ၏။ အကျိုးတရား (၁၇) မျိုးကိုလည်းပွားများသူတိုင်း ရရှိပါ၏။
၁။ မိမိခန္ဓာကိုယ် အတွင်းသန္တာန်သည် စေတီအိမ်နှင့် တူသည်ဖြစ်၍ သူတစ်ပါးတို့၏ ပူဇော်မှု လေးစားမှုကို ခံယူရ၏။
၂။ စိတ်ဓာတ် ရဲရင့်တည်ကြည်၏။
၃။ သေခါနီး မတွေဝေဘဲ သေရ၏။ သေပြီးနောက် ကောင်းရာသုဂတိဘုံသို့ ရောက်ရ၏။
၄။ နောင်အခါ ဘုရားနှင့်တွေ့လျှင် သစ္စာလေးပါးတရားတော်ကြီးကို သိလွယ်၏။
၅။ အမျိုး မြတ်၏။
၆။ သူတစ်ပါး အရိုအသေပြုခြင်းကို အမြဲခံရ၏။
၇။ ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံ၏။
၈။ အဆင်းလှ၏။အရွယ်နုပျိုရ၏။
၉။ ကိုယ်အနံ့ ကြိုင်သင်းရ၏။
၁၀။ ခံတွင်းရနံ့ မွေးကြိုင်ရ၏။
၁၁။ ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။
၁၂။ နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံ၏။
၁၃။ ထက်မြက်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။
၁၄။ လျင်မြန်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။
၁၅။ ရွှင်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။
၁၆။ ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။
၁၇။ စကားကောင်းကို ဆိုနိုင်၏။
အရှင်ဇဝနဉာဏ
Comments
Post a Comment