ကံဇာတာမြင့်စေသော အလှူခုနှစ်မျိုး


အခါတစ်ပါး၌ သူဆင်းရဲတစ်ယောက်သည် ဘုရားရှင်အား “ဘုန်းတော်ကြီးသောမြတ်စွာဘုရား၊ တပည့်တော်သည် လူမှုရေး၌လည်းကောင်၊ စီးပွားရေး၌လည်းကောင်း၊ မိသားစုအရေး၌လည်းကောင်း ဘာလုပ်လုပ်အဆင်မပြေဖြစ်ကာ ကံနိမ့်နေပါတယ်ဘုရား။ အဘယ်အကြောင်းကြောင့် ဤသိုကံနိမ့်နေရပါသလဲဘုရား” ဟုမေးလျှောက်လေ၏။
“ချစ်သားသည်၊ မပေးမလှူလို အခုလိုဘာလုပ်လုပ်အဆင်မပြေ ဖြစ်နေရခြင်းဖြစ်ပေတယ်” တပည့်တော်က ဆင်းရဲနွမ်းပါးသူတစ်ယောက်ပါဘုရား။ “သူဆင်းရဲတွေလည်းလှူနိုင်တဲ့ အလှူရှိပါတယ်ချစ်သား” ဟောကြားပေးတော်မူပါဘုရား။
“နားထောင်လော့ချစ်သား၊ ချမ်းသာသူသာမက သူဆင်းရဲများပါလှူနိုင်တဲ့ အလှူခုနစ်မျိုးရှိပေသည်”
(၁)မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း၊ အပြုံးဖြင့်ဖော်ရွေစွာဆက်ဆံပါ။ (၂)နှုတ်ဖြင့်အလှူ ဒါနပြုခြင်း၊ အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများပြောဆိုပါ။
(၃)စိတ်ဖြင့်အလှူဒါနပြုခြင်း၊ စိတ်တံခါးကိုဖွင့်၍ ဖြူစင်သောစိတ်ထားဖြင့် သူတစ်ပါးကိုပွင့်လင်း ရိုးသားစွာဆက်ဆံပါ။ (၄)အမြင်ဖြင့် အလှူဒါနပြုခြင်း၊ ကောင်းသောစေတနာ ကောင်းသောအမြင်ဖြင့် သူတပါး၏ကောင်းကွက်များကိုကြည့်ပေးပါ။
(၅)ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း၊ ကိုယ်နိုင်နင်းသောလုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကိုကူညီပါ။ (၆)နေရာထိုင်ခင်း အလှူဒါနပြုခြင်း၊ လှေစီး၊ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့် ကလေးငယ်တိုအား မိမိ၏ထိုင်ခုံနေရာကိုထိုင်စေပါ။
(၇)နေအိမ်အလှူဒါနပြုခြင်း၊ မိမိ၏အိမ်နေရာကို သူတပါးတို အနားယူရန်ပေးကမ်းပါ။ “ထိုသိုလှူသောအကျင့်ကောင်းရှိသူ၏နောက်သို အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာလိုက်လာလိမ့်မည်ဟုဟောကြားတော်မူခဲ့လေသတည်း။

 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ