ဂြိုဟ်သုံးလုံးတစ်တန်းတည်းကျရောက်


အခုရက်ပိုင်းမှာ တနင်္လာဂြိုလ် Moon ရယ်၊ ကြာသပတေးဂြိုလ် Jupiter ရယ်၊ သောကြာဂြိုလ် Venus ရယ် ဂြိုဟ်သုံးလုံးတစ်တန်းတည်းကျရောက်ခဲ့တယ်လိုသိရပါတယ်၊၊ 

ဂြိုဟ်သုံးလုံးတစ်တန်းကျရောက်ခဲ့သဖြင့် စီးပွားရေးကောင်းနိုင်ပေမည့် မီးဘေးအပါအဝင်သဘာဝဘေးများသတိပြုသင့်ဟုဆိုပါတယ်။

“သောကြာကြယ်ကြီး လနဲ့နီး ပြည်ကြီး ပျက်လတ္တံ ” ဆိုလားပဲ တစ်ဘောင်ရှိခဲ့တယ်။

အပေါ်ဆုံးက လ အလယ်က ဗီးနပ်စ် (သောကြာဂြိုလ်)အောက်ဆုံး ဂျူပီတာ (ကြာသပတေးဂြိုလ်)

ကောင်းကင်ယံမှာ ​နေ နှင့် လ ပြီးလျှင် လင်းလက်​တောက်ပဆုံး ဂြိုဟ်များဖြစ်ကြတဲ့ ဗီးနပ်စ်ဂြိုဟ် (​သောကြာဂြိုဟ်) နဲ့ ဂျူပီတာဂြိုဟ် (ကြာသပ​တေးဂြိုဟ်) တို့ဟာ ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်​နေ့မှာ ​ပေါင်းဆုံကြ​တော့မှာဖြစ်ပြီး မြန်မာနိုင်ငံမှလည်း သာမန်မျက်စိဖြင့် ​တွေ့မြင်ရနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဂျူပီတာဂြိုဟ်ကို အ​နောက်ဘက် မိုးကုတ် စက်ဝိုင်းရဲ့ ခပ်မြင့်မြင့်​​နေရာမှာ အလင်းအား (-2.1) မဂ္ဂနီကျူ့​လောက်နဲ့ လင်းလက်​နေတာကို ​ညဦးပိုင်း ​နေဝင်ပြီးချိန်က စလို့ မြင်​တွေ့​နေရမှာဖြစ်ပြီး၊ ၎င်းရဲ့ ​အောက်ဘက်နားမှာ​တော့ အလင်းအား (-4.0) မဂ္ဂနီကျူ့နဲ့ ထွန်းလင်း​တောက်ပ​နေတဲ့ ဗီးနပ်စ်ဂြိုဟ်ကို မြင်​တွေ့​နေရမှာပါ။

သူတို့ နှစ်ခု တည်ရှိ​နေမဲ့​နေရာက​တော့ Pisces လို့​ခေါ်တဲ့ မိန်ရာသီ အတွင်းမှာ ဖြစ်ပါတယ်။

ဂျူပီတာဟာ တဖြည်းဖြည်းချင်း အ​နောက်ဘက် မိုးကုတ်စက်ဝိုင်းသို့ နိမ့်ဆင်းလို့ လာ​နေပါတယ်။ ​ဖေ​ဖော်ဝါရီလ ၂၂ ရက်​နေ့မှာ တ​ပေါင်းလဆန်းလဟာ ဗီးနပ်စ်အနီးမှ ဖြတ်သန်းပြီး၊ ​ဖေ​ဖော်ဝါရီ ၂၃ မှာ​တော့ ဂျူပီတာ အနီးမှ ကပ်ပြီး ဖြတ်သန်းသွားမှာပါ။ ​​

တောင်အ​မေရိကတိုက်ရဲ့ အချို့​နေရာများမှာ​တော့ လခြမ်းက ဂျူပီတာကို ဖုံးအုပ်သွားခြင်းဖြစ်စဉ်မျိုးကို ​တွေ့မြင်ကြရမှာပါ။

၂၀၂၃ ခု မတ်လ ၂ ရက်​နေ့မှာ​တော့ ဗီးနပ်စ်နဲ့ ဂျူပီတာတို့ဟာ မိန်ရာသီအတွင်းမှာပဲ ​ပေါင်းဆုံကြမှာဖြစ်ပါတယ်။

မြန်မာ့နက္ခတ်မှာ​တော့ ဂြိုဟ်စစ်ထိုးတယ်လို့ ​ခေါ်ဆိုကြပါတယ်။ ထူးခြားတိုက်ဆိုင်စွာပင် မာကျူရီ (ခ) ဗုဒ္ဓဟူးဂြိုဟ် နဲ့ ​စေတန် (ခ) စ​နေဂြိုဟ်တို့ဟာလည်း ထို​နေ့မှာပင် ကုမ်ရာသီထဲမှာ ဂြိုဟ်စစ်ထိုးကြမှာပါ။

သို့​သော်လည်း ​နေနှင့် လွန်စွာနီးကပ်​နေတဲ့အတွက် အဆိုပါဂြိုဟ်စစ်ထိုးခြင်းကို​တော့ မမြင်​တွေ့ရနိုင်ပါ။

ဗီးနပ်စ် နဲ့ ဂျူပီတာ အတွဲကို​တော့ ည​နေ ​နေဝင်ပြီး (၆ နာရီခန့်) အချိန်မှ ည ၈ နာရီခွဲ​လောက်ထိ အ​နောက်ဘက် မိုးကုတ်စက်ဝိုင်းရဲ့ ၂၆ ဒီဂရီ အမြင့်က​နေ တဖြည်းဖြည်းချင်း နိမ့်ဆင်းသွားတာကို ​တွေ့မြင်ရနိုင်ပါတယ်။ ​

နောက်ရက်များမှာ​တော့ ဂျူပီတာဟာ ဆက်လက် နိမ့်ဆင်းသွားပြီး ​ဧပြီလ​လောက်မှာ နေရဲ့အ​နောက်ဘက်သို့ ​ရောက် ရှိသွားမှာပဲ ဖြစ်ပါ​တော့တယ်။

#YMG 


 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ