ဘုရားရှိခိုးနည်း


ဘုရားရှိခိုးနည်း

တစ်ကြိမ်ဘုရားရှိခိုးလို့ရှိရင် လူတစ်သိန်းကျွေးရတာနဲ့ ညီမျှတဲ့ ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်းရှိတယ်။
ဘယ်လို ဘုရားရှိခိုးမလဲဆိုတော့.....

🙏မမြဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအား လှူဒါန်းပါ၏ ဘုရား
(တစ်ကြိမ် ရှိခိုးလိုက်)၊

🙏ဆင်းရဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအား လှူဒါန်းပါ၏ဘုရား
(တစ်ကြိမ် ရှိခိုးလိုက်)၊

🙏အစိုးမရေသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအားလှူဒါန်းပါ၏ဘုရား
(တစ်ကြိမ် ရှိခိုးလိုက်)။

ဤသို့အားဖြင့် ရတနာသုံးပါးကိုသုံးကြိမ်သုံးခါ ရှိခိုးပူဇော်ပါ။ အင်မတန် အကျိုးများတဲ့ ဘုရားရှိခိုးနည်းပါ။ ဘာကြောင့်လဲဆိုတော့.......

မမြဲသော မိမိခန္ဓာကိုယ်ကြီးကို မမြဲတဲ့အကြောင်း ကြားတာက ဝိပဿနာပါ။
(မမြဲခြင်း၊ဆင်းရဲခြင်း၊အစိုးမရခြင်း)

ကိလေသာမရှိတဲ့ ဘုရား ၊ ကိလေသာကင်းကြောင်းဖြစ်တဲ့ တရား ၊ ကိလေသာကင်းပြီးတဲ့ သံဃာတွေကို အာရုံပြုတာက သမထပါ။

လှူဒါန်းပါ၏ ဆိုတာက ဒါနပါ။ ဒါနရော သမထရော ဝိပဿနာရော ကုသိုလ် အကုန်ပါသွားတဲ့ ဘုရားရှိခိုးနည်းပါ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

 #naingnaingmaw73

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ