အဓိဋ္ဌာန်ဂြိုဟ်ခွင်အလိုက် သရဏဂုံ(၃၀) ပူဇော်နည်း
အဓိဋ္ဌာန်ဂြိုဟ်ခွင်အလိုက် သရဏဂုံ(၃၀) ပူဇော်နည်း
==============================
၁။ အနန္တောအနန္တငါးပါး အား ရှိခိုးကန်တော့ပါ။
၂။ သီလယူပါ။(အနည်းဆုံး ငါးပါးသီလ)
၄။ အဓိဋ္ဌာန်ပြုပါ။
တပည့်တော်သည် သံသရာ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ရာ နိဗ္ဗာန်မဂ်ဖိုလ်အကျိုးကို ရည်မှန်း၍ ရတနာမြတ်သုံးပါး၊ဘုရားရှိခိုးခြင်း၊သရဏဂုံ ၃၀ နှင့် တကွ မေတ္တာဘာဝနာဟူသော ကမ္မဋ္ဌာန်းတရားများ ကို ဤ ၁၀၈ လုံး ပုတီးနှင့် ဤ ( ) ဘုရားကြီး၏ ဂြိုဟ်ရှစ်ခွင်ရှိ ဂြိုဟ်သက်အလိုက် (ဥပမာ။ ။ကြာသပတေးဂြိုဟ်သက် ၁၉ ပတ် ) ပွားများအားထုတ်ပါမည်ဟု ကြှနျုပျ၏ ကိုယ်စောင့်နတ်မှ အစထား၍ ရုက္ခစိုး၊ဘုမ္မစိုး အစရှိသော နတ်ဒေဝါတို့အား လည်းကောင်း၊သိဒ္ဓိရှင် မဟိဒ္ဓိရှင်များအား လည်းကောင်း၊ဂြိုဟ်ကြီးကိုးလုံးတို့အား လည်းကောင်း သက်သေအရာ၌ ထား၍ အဓိဋ္ဌာန်ပြုပါ၏။အဓိဋ္ဌာန်ပြုသည့်အတိုင်း ယနေ့ ( ) နေ့ ၊( ) ဒေါင့်မှစ၍ ပွားများအားထုတ်ပါမည်ဟု အဓိဋ္ဌာန်ပြုပါသည်။
၅။ ပုတီးစိပ်နည်း အညွှန်း
ပုံတွင်ကြည့်ပါ။
အထက်ပါအတိုင်း ဘုရားရှိခိုး သုံးပုဒ် ၊ သရဏဂုံ ၃၀ နှင့် မေတ္တာပို့ သုံးပုဒ် အားလုံးပေါင်းလျှင် ၃၆ ပိုဒ် ရှိပါမည်။တစ်ပုဒ် တစ်လုံးချ နှင့် သုံးကျော့ပြန်ပါက ၁၀၈ လုံး ပုတီး တစ်ပတ်ရပါသည်။မိမိ ၏ မွေးနေ့မှစ၍ အဓိဋ္ဌာန် ပြုလုပ်ပါ။ရက်သတ္တတစ်ပတ် ကို အနည်းဆုံး မွေးနေ့ တစ်ရက် (သို့) တနင်္ဂနွေ တစ်ရက် (သို့) ဥပုသ်နေ့ တစ်ရက်တော့ လုပ်ဖြစ်အောင် လုပ်နိုင်ပါသည်။
၆။ အဓိဋ္ဌာန်ပုတီးပတ် ပြည့်ပါက ဆုတောင်းပါ။
ယနေ့ယခု ကြှနျုပျသညျ ရတနာမြတ်သုံးပါး ဘုရားရှိခိုး နှင့် သရဏဂုံ ၃၀ မေတ္တာဘာဝနာဟူသော ကမ္မဋ္ဌာန်းတရားများ ကို ဤ ၁၀၈ လုံး ပုတီးနှင့် ဤ ( ) ဘုရားကြီး၏ ဂြိုဟ်ရှစ်ခွင်တွင် ဂြိုဟ်သက်အလိုက် ပုတီးပတ် ၁၀၈ ပတ် ပူဇော်၍ ပြီးဆုံးပါသည်။
ကြှနျုပျ၏ ကိုယ်စောင့်နတ်မှ အစထား၍ ရုက္ခစိုး၊ဘုမ္မစိုး အစရှိသော နတ်ဒေဝါတို့အား လည်းကောင်း၊သိဒ္ဓိရှင် မဟိဒ္ဓိရှင်များအား လည်းကောင်း၊ဂြိုဟ်ကြီးကိုးလုံးတို့အား လည်းကောင်း သက်သေအရာ၌ ထား၍ အဓိဋ္ဌာန်ပြုလုပ်ခဲ့ပါသည်။ဤစကားသည် မှန်ကန်သော သစ္စာစကား ဖြစ်ပါသည်။ဤမှန်ကန်သော သစ္စာစကား၏ တန်ခိုးတော် စွမ်းအားကြောင့် လည်းကောင်း၊ ရတနာမြတ်သုံးပါး ဘုရားရှိခိုး နှင့် သရဏဂုံ ၃၀ မေတ္တာဘာဝနာဟူသော ကမ္မဋ္ဌာန်းတရားများကို အဓိဋ္ဌာန်ပါရမီမြောက် ပွားများအားထုတ်အပ်သော စွမ်းအားရှိန်ဇော် အာနုဘော်တို့ကြောင့် လည်းကောင်း ကြှနျုပျနှငျ့တကှ မိသားစုအားလုံး လောကဓမ္မ နှစ်ဌာနတို့၌ ကြံတိုင်းအောင် ဆောင်တိုင်းမြောက် ရည်မှန်းချက် ပန်းတိုင်သို့ ရောက်အောင် ထမြောက်အောင်မြင် ရပါစေသား။ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းကင်းကွာ ကိုယ်ရောစိတ်ပါ ချမ်းသာရပါလို၏။မင်္ဂဉာဏ် ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကိုလည်း လျင်မြန်စောစွာ ရရပါလို၏ ဘုရား
၇။ ၃၁ ဘုံသားတို့အား အမျှဝေပါ။
Read More -
Telegram Link - https://t.me/+D-dLN8Pgm7szNDU1
Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en
Facebook Page Link - https://www.facebook.com/profile.php?id=100089971632803
https://aungnaingmaw.blogspot.com/


Comments
Post a Comment