အဘမင်းသိင်္ခ ပေးခဲ့တဲ့ အိမ်အေး လာဘ်ပွင့်စေသော ယတြာ
အချို့သောအိမ်များတွင် ဖခင်နှင့် သားလည်းကောင်း၊ မိခင်နှင့် သမီးလည်းကောင်း၊ ညီအမအချင်းချင်းလည်းကောင်း၊ ညီအကိုအချင်းချင်းလည်းကောင်း၊ အကြောင်းအရာကြီးကြီးမားမား မရှိဘဲ ငြင်းခုန်ခြင်း၊ စကားများခြင်း၊ ပြုတတ်ကြ၏။
ထိုအိမ်မျိုးကို အိမ်ပူသည် အိမ်ဆူသည်ဟု ခေါ်ဝေါ်ကြ၏။ (ပုံ – ကကြီး အလယ်သေ အင်းကွက်) အိမ်ပူခြင်း ဒုက္ခမှကင်းဝေးစေရန်အတွက် ဗားမဲ့ဆရာတော်၏ ကျမ်းမှ “ကကြီး အလယ်သေ အင်း” ကို ဖော်ပြလိုက်ပါသည်။ ထိုအင်းကိုကူးယူ၍ ကြွေပန်းကန်တွင်ကပ်ကာ “က” ကြီးရှိသော နေရာတွင် ရိုးရိုး ဖယောင်းတိုင်တစ်တိုင် ထွန်းပါ။ (၅) ရက်ပြည့်အောင် ထွန်းပါ။ အိမ်ပူသောဒုက္ခ ကင်းဝေးသွားပါလိမ့်မည်။
လာဘ်တိတ်နေပါက ထိုအင်းကို ပန်းကန်ပြားတွင် ကပ်၍ ရေအနည်းငယ် လောင်းထည့်ပြီး ရေစိမ်ထားပါ။ လာဘ်လာဘများ ပွင့်လန်းလာသည်ကို မျက်ဝါး ထင်ထင် တွေ့မြင်ရလိမ့်မည်။ လောင်းထည့်သော ရေသည် ရိုးရိုးရေမဟုတ်ဘဲ နံ့သာရေကို လောင်းထည့်ပြီး ဈေးဆိုင်ရှိပါက ဆိုင်မဖွင့်မီ ဆိုင်ရှေ့တွင် ပက်ဖြန်းလိုက်ပါ။ ဈေးခေါ် အလွန်ကောင်းပါသည်။
Telegram Link - https://t.me/+D-dLN8Pgm7szNDU1
Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en
Facebook Page Link - https://www.facebook.com/profile.php?id=100089971632803



Comments
Post a Comment