တာရာကြီးကိုးလုံး
+++++++++++
တာရာကြီးကိုးလုံးဆိုသည်မှာ အဿဝဏီအစ ရေဝတီ အဆုံးရှိသော နက္ခတ် ၂၇ လုံး နှင့်အစဉ်အလိုက်ယှဉ်သည့် အဓိက ကျီးတာရာ၊ ဟံသ ဟင်္သာတာရာ၊ ကက္ကဋာ ပုဇွန်တာ ရာ၊ တူလာ ချိန်တာ ရာ၊ စူဠာ ဆံကျင်တာရာ၊ ကေဝဓ တံငါတာရာ၊ ဟတ္ထိ ဆင်တာရာ၊ အဿ မြင်းတာရာ၊ ဗကော ဗျိုင်းတာ ရာဟူ၍ အာကာသသျှတ္တရစသော လောကီစာငယ် များမှာ တာရာဟူ၍အခြားမဆို။ နက္ခတ်နှင့် တာရာကား ပရိယာယ် အလဲအလှယ်ပင်တည်းဟူ၍ ဆိုသည်။
ပါဠိအဘိဓာန်များ၌ တာရာကို တာရက ကူးဖြတ်၍သွား သော ကြယ်တာရာဟု အနက်ပေးသည်။ မိမိ သွားလမ်းကို မစွန့်သောကြောင့် တာရာဟူ၍လည်းကောင်း၊ အဖန်တလဲလဲ တက်သည် ဖြစ်၍ မကုန်နိုင်သောကြောင့် နက္ခတ်ဟူ၍လည်းကောင်း တာရာနှင့် နက္ခတ်ကို ခွဲခြား၍ပြသည်။ လောကဒီပနီ၊ သာရတ္ထဒီပနီ၊ စန္ဒ သူရိယဂတိ ဒီပနီ စသော ကျမ်းတို့၌ နက္ခတ်တာရာတို့သည် မ္ဿိ၊ ပြ္ဿိစသော တဆယ့်နှစ်ရာသီစက်ဝန်းကို မလွန်မူ၍၊ နှစ်လုံးတပါဒ်တည်းဟူသော ကိုးနဝင်းစီ အရေအတွက်အရ၊ တရာ့ရှစ်နဝင်းနှင့် နှစ်ဆယ့်ခုနစ်လုံးသော နက္ခတ်တို့သည် ကိုယ်မှီသောစက်တွင်းကသာနေ၍၊ ယုဂန္ဓုရ်တောင်ထိပ်၏ အစွန်းနှင့်အမျှတွင် မြင့်မိုရ်တောင်ကို လက်ျာရစ်၊ လျွှာိနာရီ ခြောက်ဆယ်ဖြင့် တအင်္သာအရှိ၍ ပတ်မိစေလျက် လှည့်ကြ ကုန်သည်ဟုဆို၏။ တစ်ဖန် မဟာသုတကာရီ မဃဒေဝလင်္ကာ သစ်တွင် 'အသီးအသီး၊ ရောင်ညီးညီးဖြင့်၊ ကျီးနှင့်ဟလင်္ကာ၊ ကက္ကဋာက၊ တူလာစူဠာ၊ တံငါ ဆင်မြင်း၊ ဗျိုင်းမယွင်းသား၊ ကိုးသင်းမဟာ၊ တွင်းတာရာတို့၊ နောက်ပါအညီ၊ သာဝဏီက၊ သုံးစီနက္ခတ်၊ ပါဒ်တရာ့ရှစ်၊ နဝင်းစစ်၍၊ ဝန်းရစ်လက်ျာ၊ လန္ဒာကို၊ ကမ္ဘာကျွန်းအောင်၊ ရံထွန်းပြောင်သို့' ဟူ၍ဆိုလေ သည်။

Telegram Link - https://t.me/+D-dLN8Pgm7szNDU1 Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en Facebook Page Link - https://www.facebook.com/profile.php?id=100089971632803

 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ