ငွေကြေးအခက်အခဲဖြစ်နေသူများ လာဘ်ပိတ်နေသူများအတွက် ကိုးနဝင်းယတြာ
ငွေကြေးအခက်အခဲဖြစ်နေသူများ လာဘ်ပိတ်နေသူများအတွက် ကိုးနဝင်းယတြာ
ပုထုဇဉ်တို့နယ်ပယ်၌ ငွေသည် အဓိကဖြစ်သည်။ ငွေမရှိလျှင် မည်သို့မျှ ရပ်တည်၍မရ။ ငွေကြောင့် ပင်ပန်း ဆင်းရဲဒုက္ခ ရောက်ကြရသည် ။ လုပ်လေမြုပ်လေ
ဖောင်စီးရင်း ရေငတ်နေ သူ များ ရှိကြသည် ။ ( ပေးစရာ အကြွေးကလည်းရှိ ရစရာ
အကြွေးကလည်း ပြန်မရ။ မိုးထဲရေထဲ မှာလိုဖြစ်နေသည့် ဘဝမျိုးဆိုလျှင် ယခု ရေးသားတင်ပြမည့် ငွေလည်း မကုန် လူလည်း မပန်းသည့် ကိုးနဝင်းယတြာကို
ချေကြည့်ပါလားလို့ တိုက်တွန်းလိုပါသည် ။ )
၁ ။ တနင်္လာနေ့ နံနက် ( ၉ ) နာရီ ( ၄၅ ) မိနစ်
ဖြစ်ရပါမည်။
၂ ။ ပ ဉ္စလက်အချိန်အရ ပုဏ္ဏား ရှင်ဘုရင်ဖြစ်သည့်အချိန်
ဖြစ်သည်။
၃ ။ တနင်္လာနေ့ ကြာသပတေးအချိန်ဖြစ်၍ ငွေနံတနင်္လာသည် တိုင်ထိပ် ၌
ရှိသည်။
၄ ။ နာရီအချိန်အရ နဝင်း၊ မိနစ်အချိန်အရ ၄ + ၅ နဝင်းဖြစ်သည်။
၅ ။
လင်ပန်းထဲမှာ ဆောင်ရွက်ရမည် ဖြစ်၍ လင်ပန်းပညတ်အရ ၄ + ၅ နဝင်းဖြစ်သည်။
၆ ။ စက္ကူဖြူတစ်ရွက် လင်ပန်း၌ ခင်းရမည် ။ စက္ကူ ရွက်ဖြစ်၍ ( ၃+ ၂ + ၄ ) ၉
ဖြစ်သည်။ နဝင်း ကျနေသည့် စက္ကူ အရ ဈေးခေါ်လည်း ဖြစ်သည်။
၇ ။ ဗယာကြော် ( ၉ )
ခု ၊ ဗယာပညတ်အရ ( ၅ + ၄ )နဝင်း ဖြစ်သည်။
၈။ လက်ဖက်သန့်သန့် ( ၉ ) ပုံ
ပုံရမည် ။ “လက်ဖက်ပညတ်အရ ( ၄ + ၅ ) နဝင်းဖြစ်နေသည်။
၉ ။ ဆွမ်း ( ၉ ) ပွဲ။
၁၀ ။ အမွှေးတိုင် ( ၉ ) တိုင်။
၁၁ ။ ဆီမီးတိုင် ( ၉ ) တိုင် ၊ အဝါရောင် . ဖ
ယောင်းတိုင်ဖြစ်လျှင် ပိုကောင်းမည်။
၁၂။ ပန်း ( ၉ )ပွင့် ပါရမည်။
အထက်ဖော်ပြပါ ( ၁၂ )ချက် နှင့် ဘုရားလှူပါ။ ငါးပါးသီလ ဆောက် တည်ပါ။
ဘုရားဂုဏ်တော် ( ၉ )ပါး တစ်ပါး ပုတီးတစ်ပတ်နှုန်းနှင့် ( ၉ )ပတ် စိတ်ပါ။
မေတ္တာသုတ် ( ၉ ) ခေါက် ရွတ်ပါ။ တနင်္လာနေ့တိုင်း( ၉ )ကြိမ် ရွတ်ပါ။မိုးထဲလေထဲ ဘဝအဖို့ ပြေလည်လာပါမည်။ အစီအရင်လဲ ဆောင် ရွက် ကိုယ်တိုင်လည်း
ကြိုးစားအားထုတ်ရပါမည် ။ ထူးထူးခြားခြား ပြေလည် အဆင်ပြေ လာပါလိမ့်မည်။
နားနောင်ဆရာတော် ဦးကလျာဏ

Comments
Post a Comment