ဂြိုလ် သက်ရောက်ဟာကိန်း

 တနင်္ဂနွေဂြိုလ် သက်ရောက်ဟာကိန်း


(၇)ရက် သားသမီး မည်သူမဆို တနင်္ဂနွေ သက်ရောက်သို ကျရောက်ပါက……….

အိမ်သစ်ဝင်ခြင်း။ လုပ်ငန်းသစ်ပေါ်ခြင်း။ အလုပ်အကိုင် တိုးတက်ခြင်း။ နေရာကောင်းရခြင်း။ ငယ်ရွယ်သူဖြစ်ပါက အိမ်ထောင်ကျတတ်ခြင်း။

လူအမား၏ အထင်ကြီး ခံရခြင်း။ သူခိုးခိုး ခံရခြင်း။ ဘုရားဖူးခရီးသွားရခြင်း။ ဆွေမျိုးဧည့်သည့် ရောက်လာခြင်း။ အတောင်ပါသော သတ္တဝါ ဝင်လာခြင်း။

သွတ်သံသစ်ဝင်ခြင်း။ အိမ်သာပြင်ရခြင်း။ သစ်ပင်စိုက်ရခြင်း။ မုဆိုးမဧည့်သည် အိမ်သို အလယ်ရောက်လာခြင်း။ မိမိထောက်ပံ့သော ဘုန်းကြီး လူထွက်ခြင်း။

မြေအတွက် စိတ်ညစ်ရခြင်း။ မိမိအိမ်တွင် ပျားစွဲသောနိမိတ်ပေါ်ခြင်း။ အမျိုးသားဖြစ်ပါက မိန်းမတစ်ဦး ဒုက္ခပေးခြင်း။ ရွှေဝင်ခြင်း။

ဓါတ်တော် ၊ ရှင်သီဝလိ ၊ ဘုရားဆင်းတုတော်များ အိမ်သို ကြွလာခြင်း။ သားသမီးရင်သွေးရတနာရရှိခြင်း။ လမ်းဖောက်သောလုပ်ငန်း၌ ပါဝင်ရတတ်ခြင်း။

ထွက်ပြီးသော စက်ပစ္စည်းများ ပြန်ဝင်ခြင်း။ အင်္ဂါချိုယွင်းသူ ၊ စကားထစ်သူ အနားတွင် ရောက်လာခြင်း။ ငွေအတွက် သောကရောက်ရခြင်း။ ပေးထားသောငွေများဆုံးခြင်း။ မိမိဝတ်ဆင်သော လက်ဝတ်ရတနာ ကျောက်ပြုတ်ထွက်ခြင်း။

ခွေး ကြောင် ထွက်ခြင်း။ အချစ်ရေး ကံမကောင်းခြင်း။ အလှူ (သို) မင်္ဂလာဆောင် ရက်ရွေ့ရခြင်း။ အိမ်ခေါင် ပျက်နေတတ်ခြင်း။

အလုပ်၌ ရန်ပေါ်ခြင်း။ အထက်လူကြီးကြောင့် စိတ်ညစ်ရခြင်း။

စနေနံ ပစ္စည်းများထွက်ခြင်း။ ကိုယ်ဝန်ဆောင်သည် ဝင်လာ၍ အမှု ဖြစ်တတ်ခြင်း။ အိမ်အနီးတွင် မီးလန့်ခြင်းများ ဖြစ်တတ်ပါသည်။


တနင်္လာ ဂြိုလ် သက်ရောက်ဟောကိန်း


(၇)ရက် သားသမီး မည်သူမဆို တနင်္လာ သက်ရောက်သို ကျရောက်ပါက……….

အလှူအတန်း မုချ ပြုလုပ်ရမည်။ ငွေအစုလိုက် အပြုံလိုက် ဝင်လိမ့်မည်။ ဒီနှစ်တွင် အိမ်ပိုင် ကားပိုင်နှင့် ဖြစ်နိုင်သည်။ ဖြတ်လမ်းစီးပွားရေး မလုပ်လျှင် မုချကြီးပွားမည်။ ကိုယ်နျင့် မသင့်မြတ်သူများ ပြန်လည် သင့်မြတ်သွားလိမ့်မည်။ အရေးကြီးသောကံများ ထိမ်းသိမ်းပါ။ မထိမ်ရင် စနေသက်ရောက်တွင် မွဲမည်။ ခေါင်းရင်း(သို) မျက်နှာချင်းဆိုင်အိမ်တွင် မင်္ဂလာပေါ်မည်။(ကောင်း၏)

ကိုယ်ဝန်ဆောင်သည်ရှိက ယောက်ျားလေး မွေးမည်။ ခြေနှစ်ချောင်းဝင်မည့်နှစ်ဖြစ်သည်။ ကျောက်မြက်ရတနာဝင်ခြင်း ဖြစ်မည်။ အလုပ်ပြောင်းရွေ့လိုခြင်း၊ စိတ်မဝင်စားခြင်း ဖြစ်မည်။

အိမ်ထောင်ရေး ဒုက္ခတွေ့မည်။ အထက်လူကြီးကြောင့် စိတ်ညစ်ရတတ်သည်။ ဝန်ထမ်းဆိုပါက ရာထူးတက်မည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။ နတ်မသကဲ့သို မမျှော်လင့်ပဲ အကျိုးဖြစ်ထွန်းမည်။

လူမျိုးခြား မကိန်းရှိသည်။ ခရီး၊ မကြာခန ထွက်ရတတ်သည်။ ဆွေမျိုးများကို အကူအညီ ပေးရမည်။ သွတ် ၊ သံ သစ် ဝင်မည်။

သမီးရှိက အိမ်မှ ထွက်သွားတတ်သည်။ ပညာရေးနှင့် ပါတ်သက်၍ အခက်ကြုံမည်။

မြေကိစ္စ စကားပြောရတတ်သည်။ ရွှေထွက်ခြင်း (သို) ရွှေအတွက် စကားများရတ်သည်။ မိမိ၏ သားသမီးဖြစ်သူ မိမိအား တော်လှန်၍ အိမ်မှ ထွက်သွားမည်။ ဘုရားဆင်းတု ၊ ပုံတော်များ ရွှေကွာမည်။ပြန်ပြင်ပါ။

ဆီးရောဂါ ၊ မျက်စိရောဂါ ဖြစ်တတ်သည်။ အစာမှားတတ်သည်။ ပစ်စာ-တိုင်စာခံရတတ်သည်။ စာတစ်စောင်ကြောင့် ဒုက္ခတွေ့တတ်သည်။

အင်္ဂါ ဂြိုလ် သက်ရောက်သိုဟောကိန်း


(၇)ရက် သားသမီး မည်သူမဆို အင်္ဂါ သက်ရောက်သို ကျရောက်ပါက……….

လုပ်သမျှ အပျက်အစီးများမည်။ စီးပွား ပျက်တော့မလိုလိုနှင့် တက်တက်ပြောင်သွားတတ်သည်။ သင့်ထက် မြင့်သူ နိမ့်သူ နှစ်ဦးစလုံးက ဒုက္ခပေးမည်။ လက်ရှိ အလုပ်နေရာက ပြောင်းရွေ့ လိုစိတ်ပေါ်မည်။ပြောင်းက ပိုဆိုးသွားမည်။ အစာ အဆိပ် ဖြစ်တတ်သည်။

အမှု မဖြစ်အောင်နေပါ။ ဖြစ်က ကြာမည်။ ငွေဖြင့်လိုက်က ရှုးမည်။ မည်သည့် ပစ္စည်းမှ မငှားပါနှင့် ။ဆုံးတတ်သည်။ လူမျိုးခြား၊ ဘာသာခြား မစမည်။ အဖော်ခရီး ထွက်ရတတ်သည်။သွားနာဖြင်း၊ သွားကိုက်ခြင်း ဖြစ်တတ်သည်။

အိမ်ထောင်ဖက် ကျန်းမာရေး ညံ့တတ်သည်။ ပညာရေးနှင့် ပါတ်သက်သောကိစ္စများ အောင်မြင်မည်။ မမျှော်လင့်ပဲ မိတ်ကောင်း ဆွေကောင်းတွေ့ရတတ်သည်။ မြေဝင်တတ်သည်။ ရွှေဝင်ခြင်း၊ ရှင်သီဝလိဝင်ခြင်း၊ ဘုရားစသည် ဝင်ခြင်း ဖြစ်မည်။

ရေတွင်း ၊ ရေကန် တူးရခြင်း ဖြစ်မည်။ မိမိ အောက်လက်ငယ်သားများ ထွက်ပြေးသွားတတ်သည်။ အင်္ဂါ ချိုယွင်းသူ ၊ စကားထစ်သူ အိမ်သို ရောက်လာတတ်သည်။ ငွေ ပျောက်ခြင်း ၊ အကြွေးတင်ခြင်း။ ခြေထောက်နာခြင်း ဖြစ်တတ်သည်။ အလှူ မင်္ဂလာရက်ရွှေ့ရတတ်သည်။

အကျော မကောင်းခြင်း ဖြစ်တတ်သည်။ အထက် လူကြီးကြောင့် စိတ်ညစ်ရခြင်းများ ဖြစ်တတ်သည်။ အိမ်ထောင်ရေး ကံဇာတာညံတတ်သည်။

ဗုဒ္ဓဟူး ဂြိုလ် သက်ရောက်ဟောကိန်း


(၇)ရက် သားသမီး မည်သူမဆို ဗုဒ္ဓဟူး သက်ရောက်သို ကျရောက်ပါက……….

ဂိုဏ်းဝင်တစ်ဦး ဖြစ်ပါက ပျက်သွားမည်။ လွန်စွာ ပင်ပန်းလိမ့်မည်။ ရောဂါလည်း ရတတ်သည်။ ဘာစားစား အရသာ မရှိသကဲ့သို ဖြစ်မည်။ ငွေကြေးများ ဆုံးပါးတတ်သည်။ အိမ်မှ ပစ္စည်းများ ချရောင်းရသည့် အထိ ငွေ ပြတ်သွားမည်။ အမွေ ရတတ်သည် (မယူပါနှင့်-)

အလုပ် ပြောင်းလိုသော စိတ်ပေါ်မည်။

ပြောင်းသောနေရာ၌လည်း အဆင်မပြေ ဖြစ်မည်။ တစ်သက်လုံး ဖုံးထားသော ကိစ္စများ ဒီအချိန် ပေါ်သွားတတ်သည်။ ကိုယ်ဝန်ဆောင်သည် ရှိက ဆေးရုံ ပိုပါ။ အိမ်မှာမွေးရင် ဒုက္ခ ဖြစ်မည်။ ဆွေမျိုးများ ဆုံးပါးတတ်သည်။

လူငယ် လူရွယ်များ ဒီအချိန် မိန်းမခိုးခြင်း လင်နောက်လိုက်ခြင်း ပြုမယ်ဆိုရင် မိဘက အမွေဖြတ်မည်။ မိမိ၏ အထက်လူကြီးက မစကိန်းရှိတယ်။ ကိုးကွယ်စရာ ပုံတော်များ ဝင်လာတတ်သည်။

သွေးအားနည်းသော ရောဂါများ ရတတ်သည်။ အသက်ငယ်ငယ်နှင့် ကာမဂုဏ်စိတ် ကုန်ခမ်းသွားတတ်သည်။ ပညာရေး ကိစ္စများ အောင်မြင်မည်။ပဉ္ဇင်းခံရတတ်သည်။

ဘုရား ဆင်းတုတော် ရွှေစသည် ဝင်လာမည်။ စိတ်ထောင်း ကိုယ်ကျေ ဖြစ်မည်။ သူတစ်ပါး ပြုစားသည်ကို ခံစားရတတ်သည်။

ခါး ခြေ မျက်ခြင်း ၊ နာခြင်း ဖြစ်မည်။ အိမ်ထောင်ရေး မကောင်းပါ။

စနေ ဂြိုလ် သက်ရောက်သိုဟောကိန်း


(၇)ရက် သားသမီး မည်သူမဆို စနေ သက်ရောက်သို ကျရောက်ပါက……….

ကြီးစွာသော ဘေးဒုက္ခများနှင့် ကြုံတွေ့ရတတ်သည်။ သောကြာ သားသမီး တစ်ဦးကို ညအိပ် ခေါ်သိပ်လိုက်ပါ။ သူတစ်ပါ၏ မကောင်းပြောဆိုခြင်းကို အကြောင်းမဲ့ ခံရမည်။ အလုပ် အကိုင်တွင် ထိခိုက်တတ်သည်။ တစ်အိမ်သားလုံး ကျန်းမာရေး ညံ့နေတတ်သည်။

သက်ကြီး ရွယ်အိုများ မိမိအိမ်တွင် လာရောက် တည်းခိုပါက အိမ်တွင် ဆုံးပါး သွားတတ်သည်။ မီးကို အထူး ဂရုစိုက်ပါ။ လျှပ်စစ်မီးကို သတိထား ကိုင်တွယ်ပါ။ အမှု ဖြစ်တတ်သည်။ ဆေးရုံရောက်တတ်သည်။

ယခင်နှစ်များက ကျန်ခဲ့သော ရွှေငွေများ ကုန်ဆုံး သွားတတ်သည်။ လောကဓံတရာ၏ မတရား ညှင်းပန်းနှိပ်စက်မှုကို ခံရတတ်သည်။

မမျှော်လင့်ပဲ တရား သံဝေဂ ရမည်။ အိုးသစ် အိမ်သစ် ဝင်တတ်သည်။ အလုပ်သစ် အကိုင်သစ် ပြောင်းရတတ်သည်။

သက်သေ လိုက်ရတတ်သည်။ လူမျိုးခြား ဒုက္ခပေးခြင်း ခံရတတ်သည်။ အစိုးရနှင့် ပါတ်သက်သော အမှု ဖြစ်တတ်သည်။ ခရီးသွားရတတ်သည်။ မြေရတတ်သည်။ ရွှေပေါင်ရတတ်သည်။

သားသမီးအတွက် စိတ်ညစ်ရတတ်သည်။ စက်အတွက် ဒုက္ခရောက်ရတတ်သည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။

ငွေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ခြေထောက် ပေါင် ဥပါဒ်ရောက်တတ်သည်။

ကြာသပတေး ဂြိုလ် သက်ရောက်ဟောကိန်း


(၇)ရက် သားသမီး မည်သူမဆို ကြာသပတေး သက်ရောက်သို ကျရောက်ပါက……….

အဖကို ကာပြန်သော သီဟဗာဟုကိန်း ဖြစ်၏။ ဟိုဟာ လုပ်ရ ကောင်းနိုးနိုး ဒီဟာ လုပ်ရ ကောင်းနိုးနိုးဖြင့် အချိန် ကုန်သွားတတ်၏။

လာဘ်လာဘလည်း အလွန် ပိတ်နေတတ်သည်။ ငွေမရှာပါနှင့်။ ရှာသမျှ ပြန်ကုန်သွားတတ်၏။ ထီပေါက်သော် အိမ်သားတစ်ဦး ဆုံးပါးတတ်၏။

ပစ္စည်းများ ရောင်းချ၍ အလုပ်သစ် လုပ်လိုစိတ် ပေါ်မည်။( လုပ်က မွဲသွားတတ်၏) ဒုက္ခပေးမှု၏ နောက်ဆုံးနှစ် ဖြစ်သောကြောင့် အံကြိတ်ခံပါ။ ဆရာတု ဘိုးတော်တုများ အိမ်ရောက်လာတတ်သည်။ စိန် ၊ စက် စသော ပစ္စည်းများ ဝင်လာတတ်၏။

ငွေ လူလိမ် ခံရတတ်၏။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်၏။ အလုပ်သစ် အကိုင်သစ်ပေါ်မည်။ အလုပ်သစ်သို ပြောင်းရွှေ့လိုစိတ် ပေါ်မည်။ နတ်အုန်းသီး ကန်တော့ပွဲ အုန်သီးတိုမှ အစိုပေါက်မည်။ လူမျိုးခြားနှင့် လက်အောက်ငယ်သားများ အကျိုး ပြုမည်။

သောကနှင့် ယှဉ်သော ခရီး သွားရတတ်သည်။ မိတ်ဆွေ အပေါင်းအသင်းများနှင့် လမ်းခွဲရတတ်၏။ မိမိ၏ သားသမီးဖြစ်သူ အိမ်က ထွက်သွားတတ်သည်။ ရွှေထွက်မည်။ မိမိ၏ သားသမီး လက်ခြေ မျက်သွားတတ်၏။

ရာဟု ဂြိုလ် သက်ရောက်ဟောကိန်း)၏


(၇)ရက် သားသမီး မည်သူမဆို ရာဟု သက်ရောက်သို ကျရောက်ပါက……….

ဤအချိန်သည် ကိုယ်ကျင့်တရား အထူး အရေးကြီးပါသည်။ ကိုယ်ကျင့်တရား ပျက်သော် နှစ်ရှည် ဒုက္ခ ရောက်ရတတ်၏။ အမှု ဖြစ်နေသူကို ငွေမချေးရ၊ အာမခံ မပေးရ။

မိမိနေအိမ်သို ဘုရား ပုံတော်များ ကြွလာမည်။( အလွန်ကောင်းသည်)။ ဒီနှစ် ပျော်ပျော်ရွှင်ရွှင် နေထိုင်သင့်သည်။ လုပ်ငန်းသစ်များ စတင်ပြုလုပ်ရတတ်၏။ (အကျိုးပေးမည်)။ စီးပွားရေး လွန်စွာ အဆင်ပြေမည်။

အိမ်ထောင်ရေး ဇယား ရှုပ်ထွေးတတ်၏။ ဘုရား ဓါတ်ပုံ ဆင်းတုတော်များ ဝင်လာမည်။ ရွှေဝင်မည်။ (တိုးပွားလာမည်)

အောက်လူ တော်လှန် ပုန်ကန်တတ်သည်။ ငွေဝင်မည်။

အလှူ မင်္ဂလာဆောင်များ ပြုလုပ်ပေးရတတ်၏။ နာရေးကို အကြောင်းပြု၍ ခရီးသွားရတတ်၏။ အိမ်ထောင်ဖက်နှင့် စကားများရတတ်၏။

သွားနှုတ်ရတတ်၏။ ဂတိစကား ပျက်တတ်၏။ ဆရာသမားကဲ့သိုသော ပုဂ္ဂိုဟ်နျင့် အဆင်မပြေ ဖြစ်မည်။ မိတ်ဆွေနှင့် စကားများရတတ်၏။သောကြာ ဂြိုလ် သက်ရောက်ဟောကိန်း


(၇)ရက် သားသမီး မည်သူမဆို သောကြာသက်ရောက်သို ကျရောက်ပါက……….

မိဘကို ပြုစု စောင့်ရှောက်နိုင်သော အချိန်ဖြစ်သည်။ စီပွားတက်ခြင်း ၊ အလုပ်အကိုင် တိုးတက်ခြင်းများကြုံမည်။ ခရီးဝေးသွား၇တတ်သည်။ နိုင်ငံခြား ခရီး သွားရတတ်၏။ ပြည်တွင်း ပြည်ပ ဘုရားဖူးခရီး ထွက်ရတတ်၏။

ရာထူး တိုးတက်ကိန်းရှိသည်။ ဤအချိန် ချမ်းသာကိန်း ဆိုက်ပြီ။ အစစ အရာရာ တိုးတက်ကိန်းရှိသည်။ အစိုးရ ဝန်ထမ်းများ သင်တန်း တက်ရမည်။မိတ်ကောင်းဆွေကောင်း တွေ့မည်။

နှလုံးကို အကြောင်းပြုသော ရောဂါ ရတတ်၏။ စက်ပစ္စည်း ဝင်မည် (အကျိုးပေးမည်)။ အုန်းစိုပေါက်သော် ကောင်း၏။ ရပ်ဝေးမှ စာတစ်ဆောင် ရောက်လာမည်။ ငွေရှာရလွယ်ကူသောနှစ်ဖြစ်မည်။

အလုပ်တွင် အနည်းငယ် အတိုက်အခံ ကြုံရတတ်၏။ အလုပ်နေရာ ပြောင်းရမည် (ကောင်း၏) အမှု ဖြစ်တတ်သည် (စိုးရိမ်စရာ မလိုပါ)

အိမ်ထောင်ဖက်အတွက် စိတ်ညစ်ရတတ်၏။

သောကြာ ဂြိုလ် သက်ရောက်ဟောကိန်း


(၇)ရက် သားသမီး မည်သူမဆို သောကြာသက်ရောက်သို ကျရောက်ပါက……….

မိဘကို ပြုစု စောင့်ရှောက်နိုင်သော အချိန်ဖြစ်သည်။ စီပွားတက်ခြင်း ၊ အလုပ်အကိုင် တိုးတက်ခြင်းများကြုံမည်။ ခရီးဝေးသွား၇တတ်သည်။ နိုင်ငံခြား ခရီး သွားရတတ်၏။ ပြည်တွင်း ပြည်ပ ဘုရားဖူးခရီး ထွက်ရတတ်၏။

ရာထူး တိုးတက်ကိန်းရှိသည်။ ဤအချိန် ချမ်းသာကိန်း ဆိုက်ပြီ။ အစစ အရာရာ တိုးတက်ကိန်းရှိသည်။ အစိုးရ ဝန်ထမ်းများ သင်တန်း တက်ရမည်။မိတ်ကောင်းဆွေကောင်း တွေ့မည်။

နှလုံးကို အကြောင်းပြုသော ရောဂါ ရတတ်၏။ စက်ပစ္စည်း ဝင်မည် (အကျိုးပေးမည်)။ အုန်းစိုပေါက်သော် ကောင်း၏။ ရပ်ဝေးမှ စာတစ်ဆောင် ရောက်လာမည်။ ငွေရှာရလွယ်ကူသောနှစ်ဖြစ်မည်။

အလုပ်တွင် အနည်းငယ် အတိုက်အခံ ကြုံရတတ်၏။ အလုပ်နေရာ ပြောင်းရမည် (ကောင်း၏) အမှု ဖြစ်တတ်သည် (စိုးရိမ်စရာ မလိုပါ)

အိမ်ထောင်ဖက်အတွက် စိတ်ညစ်ရတတ်၏။

သက်ရောက်ဂြိုလ်တွက်နည်း 

သင်၏ လက်ရှိ အသက်ကိုတည်ပါ။ ၈-နှင့် စားပါ။ အကြွင်းအတိုင်း သင်၏ မွေးနံ ဂြိုဟ်အိမ် ကစ၍ ထောက်ပါ။ ၁-ကြွင်းလျှင် ၁-ကွက်ထောက်ပါ။ ၂-ကြွင်းလျှင် ၂-ကွက်ထောက်ပါ။ ၃-ကြွင်းလျှင် ၃-ကွက်ထောက်ပါ။ ကျရာ ဂြိုဟ်ခွင်ဟာ မိတ်ဆွေရဲ့ သက်ရောက်ရာ ဂြိုဟ်ခွင်ပါပဲ။ အောက်မှာ ကျွန်တော်ပုံတစ်ပုံ တင်ပြပါ့မယ်။ ကြည့်ရအောင်ဗျာ။ မမြင်ရရင်တော့ ပုံကို နှိပ်ပြီး ကြည့်ပါ။


ဥပမာ …

တနင်္ဂနွေသား အသက် (၂၅)ကို တွက်ကြည့်မယ်ဗျာ။ သူရဲ့အသက် (၂၅)ကို ၈-နဲ့စား၊ ၁-ကြွင်းတယ်။ ၁ကြွင်းတော့ တနင်္ဂနွေ ဂြိုဟ်အိမ်ကနေ တစ်ကွက်ထောက်။ အဲဒါဆိုရင် တနင်္ဂနွေ ဂြိုဟ်မှာပဲ ကျပါတယ်။ ဒါကြောင့် သူဟာ တနင်္ဂနွေ သက်ရောက် ဖြစ်ပါတယ်။ ကျန်တဲ့ နေ့သားသမီးတွေ မည်သူမဆို အတူတူပါပဲ။ သတိထားရမှာ တစ်ခုက ကိုယ်နေ့ရဲ့ ဒေါင့်ကနေ စထောက်ရတယ် ဆိုတာလေးကိုတော့ ဂရုစိုက်ပါ။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ