The Devil - မိစ္ဆာကားချပ်
Capricorn - မကာရရာသီ
မကာရရာသီ၊ ပထဝီ (မြေ) ဓာတ်ရာသီ၊ ဆိတ်ရုပ်အမှတ်အသားနဲ့ အနုတ်သဘောရာသီတစ်ခုဖြစ်ပြီး၊ လျစ်လျူရှုခြင်း၊ စိတ်ရူးပေါက်ခြင်း၊ စိတ်ပြောင်းလဲတတ်ခြင်းတိုနဲ့ အတူတွဲပြီး ကြွယ်ဝချမ်းသာခြင်းနဲ့ ဩဇာအာဏာကို လိုလားမှုဆန္ဒကြီးမားပါသည်။ မကာရရာသီသည် ရမ္မက်နဲ့ ရုပ်ပစ္စည်း စည်းစိမ်အပျော်အပါးတို၏ ကျေးကျွန်ဖြစ်နိုင်သည့် လူများဖြစ်သည်ကို ညွှန်းဆိုပါသည်။ ဝတ်လစ်စလစ်အသွင်နှစ်ဦးနှင့် မကောင်းဆိုးဝါး၏ ဆိတ်ဦးချိုများသည် ဤကားချပ်နှင့် မကာရရာသီအကြားတူညီသည်များကို သက်သေပြနေခြင်းဖြစ်ပါသည်။
Comments
Post a Comment