ဆွမ်းဦးပတ္တမြားမျက်ရှင်ဘုရားအကြောင်း
ဆွမ်းဦးပတ္တမြားမျက်ရှင်ဘုရားအကြောင်း
၁။ ဆုတောင်းပြည့်ခြင်း။
၂။ ရန်ဟူသမျှ အောင်နိုင်ခြင်း။
၃။ ဆွမ်းဦးကပ်လို့ မရခြင်း။
၄။ ပတ္တမြားမျက်ရှင်ကိန်းဝပ်ခြင်းကြောင့် မျက်လုံးတော်ဖွင့်ခြင်း၊ ပိတ်ခြင်း၊ ရဲရဲတောက်နီမြန်းခြင်း။
၅။ ရွှေတိဂုံဘုရားရှိ နဝင်းရုပ်ပွားတော် ကိုးဆူထဲက တစ်ဆူဖြစ်ခြင်း။
၆။ ရွှေတိဂုံဘုရားရှိ မျက်ရှင်(၅)ဆူထဲမှာမှ တန်ခိုး အကြီးဆုံးဖြစ်ခြင်း။
ဆုတောင်းပုံ
၁။ ပတ္တမြားမျက်ရှင်ဘုရားရှေ့ (သို့) ဓာတ်ပုံ (သို့) ပတ္တမြားတန်ဆောင်းတွင် မေတ္တာသုတ် (၉)ခေါက်ရွတ်ပြီး လိုရာဆုတောင်းပါ။
၂။ အနီစက်ကလေးပြထားသောနေရာသို့ အာရုံစိုက်ပြီး လိုရာဆုတောင်းပါ။
၃။ ပတ္တမြားမျက်ရှင်ရှိသည့် မျက်လုံးတော်နေရာကို အာရုံပြု၍ ဆုတောင်းပါ။
.၄။ မျက်လုံးတော်နှစ်ခုကြား အလယ်တည့်တည့်သို့ အာရုံပြု၍ ဆုတောင်းပါ။
တည်နေရာ
ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အရှေ့ ဘက်တည့်တည့်တွင် တည်ရှိသည်။ ပတ္တမြားမျက်ရှင် ရုပ်ပွားဆင်းတုတော်သည် ရွှေတိဂုံ စေတီ အထက် ပစ္စယာတွင်ရှိသည်။ အရှေ့ဘက်သို့ မျက် နှာမူထားသည်။ ထင်ရှားကျော်ကြား၍ လူသိများသောဆုတောင်းပြည့် ဘုရား ဖြစ်သည်။ ရုပ်ပွားတော်၏ မျက်လုံးတော်နှင့် နဖူးတော်တွင် ပတ္တ မြားမျက်ရှင်တော် ကိန်းဝပ်တော်မူသည်ဟု အဆိုရှိသည်။.
ထို့ ကြောင့် ရံဖန်ရံခါ မျက်လုံးတော် ဖွင့်ပိတ်တော်မူခြင်း၊ အပေါ် မျက်ခွံတော် လှုပ်တော်မူခြင်း၊ မျက်လုံးတော် များ အံ့ဘွယ်ထူးကဲ
နီနီရဲရောင်ပြောင်လက်တောက်ပတော်မူတတ်ပြီး ပတ္တမြားမျက်ရှင်တော် ကွန့်မြူးသည် ဟု အဆိုရှိသည်။ရွှေတိဂုံ ရင်ပြင်တော်ပေါ် ရှိ မျက်ရှင်တော် ရုပ်ပွား ဆင်း တုတော်များအနက် တန်ခိုးအကြီးဆုံးဆုတောင်း အပြည့်ဆုံးအထင်ရှားဆုံး ရုပ်ပွားတော် ဖြစ်သည်။
ပတ္တ မြား မျက်ရှင်တော်ဘုရားသည် လွန်စွာဆု တောင်း ပြည့် သော ကြောင့် ရုပ်ပွားတော်ရှေ့ ရင်ပြင်ကို အောင် မြေအ ဖြစ်သတ်မှတ်ကာ .. ဟံသာဝတီ
ရာဇာဓိရာဇ်မင်း၊ တောင်ငူဘုရင် တပင်ရွှေထီး၊ဟံသာဝတီ ဆင်ဖြူ များရှင် ဘုရင့်နောင်မင်းတရားကြီး၊ ရွှေဘို ဦးအောင်ဇေ ယျ အလောင်းမင်းတရားနှင့် အမရပူရ နန်းတည် ဘိုး တော်ဘုရားတို့ အောင် မြေ နန်း ဆု တောင်းခဲ့ရာ အောင် မြေ ကြီး ဖြစ် သည်။
ဒုတိယ ဟံသာဝတီမင်းဆက် မွန်ရာဇာဓိရာဇ်မင်း လက် ထက် သားတော် ဗောလောကျန်းထော သေဆုံးပြီး နောက် မင်းညီမင်းသား ဆွေတော်မျိူးတော်
မှူးတော်မတ် တော်တို့ မကျန် မည်သူတစ်ဦးတစ်ယောက်မျှ တက်ခွင့် မ ပြုခဲ့သော အောင်မြေ ဖြစ်၏ ။ ယခုဖော်ပြပါ ပတ္တမြားမျက်ရှင်ဘုရား၏ သိသာထင်ရှားစေသော အဓိဋ္ဌာန်လေးတစ်ခုကိုဖော်ပြရမည်ဆိုပါလျှင်
လောကဓံအဆိုးလေးပါးနှင့် ရင်ဆိုင်နေရပါလျှင်သော် ၎င်းမိမိ အခက်အခဲများ အဆောတလျင် လိုအပ်နေလျှင် သော်ပါ၎င်း...ယခု ဖော် ပြပါ ဆုတောင်းပတ္တနာဂါထာတော်မြတ်ကြီးကို ဆုတောင်းပြည့် ပတ္တမြားမျက်ရှင်ဘုရား (ပုံတော်) ရှေ့တွင် ရွတ်ဖတ်သရဇ္ဇျာယ်ပုတီးစိတ်နိုင်ပါတယ်။ ( ဆု တောင်း ပြည့် ဝသည့် အချိန် မှာ မိမိ၏ ကံအကျိုး ပေး နှင့်လည်း သက်ဆိုင်သည်ကို သတိပြု စေ ချင် ပါ သည်။)ပတ္တမြားမျက်ရှင်ဘုရားရှေ့မှာ (၉)ရက်တိတိ အချိန်တိတိကျကျ ရွတ်ဖတ်သရဇ္ဇျာယ်ရပါမယ်။ဆုတောင်းပြည့်မြတ်ဘုရားဆိုသည့်အတိုင်း မိမိလိုရာဆုတောင်းနိုင်ပါတယ်။ ညစဉ်(9)နာရီ အချိန်တိုင်း (9)ရက်တိတိ ရွတ်ဖတ်ရမှာဖြစ်ပါတယ်။
ရွတ်ဖတ်သရဇ္ဇျာယ်ရမည့် ဆုတောင်းပတ္တနာဂါထာတော်မြတ်ကြီး
(၁) သောဘဂဝါ ဣတိပိ အရဟံ၊
(၂) အရဟံ ၀တ သောဘဂဝါ၊
(၃)အရဟန်တံ သရဏံ ဂစ်ဆာမိ၊
(၄)အရဟန်တံ သိရသာ နမာမိ၊
(၅) အရဟံဝတ သောဘဂဝါ ယောဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယဓမ္မံ ဒေသေတိ၊
(၆) အရဟံ မေ သုခံဒေတု
(၇) အရဟံ မေ သီသေ တိဋ္ဌတု
(၈)အရဟံ မေ သိဒ္ဓိ မင်္ဂလံ ဒေတု
(၉)အရဟံ မေ ဇယံဒေတု
(၁၀)ဗုဒ္ဓံ သရဏံ ဂ စ်ဆာမိ
(၁၁)ဓမ္မံ သရဏံ ဂစ်ဆာမိ
(၁၂) သံဃံ သရဏံ ဂစ်ဆာမိ
(၁၂) လုံးရှိသည့်အတွက် ပုတီးတစ်ပတ်တွင် (၉)ခေါက်ရရှိပါတယ်။
ပုတီး(၉)ပတ်၊ (၉)ရက်၊ ည(၉)နာရီတိတိမှာ ရွတ်ဆိုရမှာပါ။လောကဓံအဆိုးလေးပါးနှင့် ရင်ဆိုင်နေရသောကြောင့် ခံနိုင်ရည်မရှိဘဲ စိတ်ဓါတ်ကျဆင်းနေပါလျှင် ထိုဆုတောင်းပတ္တနာဂါထာတော်မြတ်ကြီးကို ဆုတောင်းပြည့် ပတ္တမြားမျက်ရှင်ဘုရား
(ပုံတော်)ရှေ့တွင် ရွတ်ဖတ်၍ ပုတီး စိတ်နိုင်ပါတယ်။တောင်းဆုများ ပြည့်ဝကြပါစေ။
ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေ.....🙏🙏🙏
Comments
Post a Comment