ကိုယ်ပိုင်လုပ်ငန်းနှင့်ကြွယ်၀ချမ်းသာသူဖြစ်မလား?
ကိုယ်ပိုင်လုပ်ငန်းနှင့်ကြွယ်၀ချမ်းသာသူဖြစ်မလား?
ကိုယ်ပိုင်လုပ်ငန်းလုပ်ရမလား ၀န်ထမ်းပဲလုပ်ရမလားဆုံဖြတ်ရခက်နေသူများအတွက်လက်ညှိုးနဲ့လက်သူကြွယ်ရဲ့ပုံစံကိုကြည့်ပြီးဆုံး ဖြတ်လို့ရပါတယ်။
လက်ညှိုး
ခိုင်းစေရင်ရင်လဲလက်ညှိုးထိုးတယ် လမ်းညွှန်ရင်လဲ လက်ညှိုးထိုးတယ် သေနတ်မောင်းပြစ်တာလဲလပ်ညှိုးပဲ၊ Management လုပ်ရာတွင်လဲ လက်ညှိုးပါတယ် အမိန့်ပေးတဲ့လက်ချောာင်းလို့ ခေါ်တယ်။
လက်သူကြွယ်
လက်ထပ်လက်စွပ် မျိုးရိုးလက်စွပ် ပိုင်ဆိုင်တဲ့အဖိုးတန်ပစ္စည်းတွေလက်သူကြွယ်မှာဝတ်တယ်။ ဒါကြောင့်အမည်ကိုလက်သူကြွယ်လို့ခေါ်တယ်။ ကြွယ်၀ခြင်း ပြည့်စုံခြင်းရဲ့နမိတ်။
စွမ်းအားနဲ့ပတ်သက်ရင်လက်ညှိုးငွေကြေးနဲ့ပတ်သက်တာလက်သူကြွယ် ဒီလက်နှစ်ခြောင်းကိုယှဥ်ကြည့်ရမယ်။ မိမိလက်ချောင်းလေးတွေကိုကြည့်ပြီးဘာလုပ်ငန်းလုပ်သင့်လဲရွေးချယ်လိုက်ရအောင်နော်။
လက်ညှိုးနဲ့ လက်သူကြွယ်ညီနေရင်ပရဟိတဘက်ကိုအလေးသာသူဖြစ်မယ်။ အများအကျိုးအတွက်ကိုယ့်ဘဝကိုပုံအပ်ထားသူများမှာတွေ့ရတယ်။ သူ့အတွက် ငွေကြေး သြဇာအာဏာကအရေးမကြီးဘူး။ လူသားအကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့လူ့လောကကိုရောက်လာသူများဖြစ်မယ်။
တဖက်တွင်လက်သူကြွယ်ရှည်နေပြီး နောက်ဖက်တွင်လက်ညှိုးကပိုရှည်နေရင်အချိန်အတိုင်းအတာတခုအထိ ကိုယ်ပိုင်လုပ်ငန်းလုပ်မယ် (သို့မဟုတ်) ကိုယ်ပိုင်စီးပွားနဲ့ အခွင့်အာဏာတပြိုင်နက်တည်းသွားတတ်တယ်။
လက်သူကြွယ်က လက်ညှိုးထက်ပိုရှည်နေရင် အမိန့်အာဏာသြဇာက ထိုသူအတွက်အဓိကမဟုတ်တော့ဘဲ ကိုယ်ပိုင်လုပ်ငန်းကိုယ်ပိုင်စီးပွားများလုပ်ပြီးကြွယ်ဝချမ်းသာမယ်။ အဆင့်မြင့်တဲ့ဘဝတစ်ခုကိုဖန်တီးနိုင်သူ ငွေကြေးကံကောင်းမယ်။ ဘယ်သူ့အမိန့်မှနာခံစရာမလိုဘဲ ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်ဘဝကိုယ်ထူထောင်ပြီး ကိုယ်ပိုင်လုပ်ငန်းနဲ့ကြွယ်ဝချမ်းသာမယ်။
ကြွယ်ဝချမ်းသာမှုအထွဋ်အထိပ်ရောက်မယ်။ လက်ညှိုးကလက်သူကြွယ်ထက်ရှည်နေပြီ းလက်ခလယ်နည်းပါးရှည်နေရင် အမိန့်ပေး သြဇာပေးမယ်။ ဝန်ထမ်းအဖြစ်အောင်မြင်မယ်။ အကြီးအကဲအဖြစ်အထွဋ်အထိပ်ရောက်မယ်။ လက်ဖ၀ါးနှစ်ဖက်လုံးပါနေရင် အနောက်တိုင်းနိုင်ငံတွေမှာဧကရာဇ်ရဲ့လက်ခြောင်းတွေအဖြစ်တင်စားတယ်။
Comments
Post a Comment