ကံပွင့် လာဘ်ရွှင် ကန်စွန်းညွန့် အစီအရင်
ကံပွင့် လာဘ်ရွှင် ကန်စွန်းညွန့် အစီအရင်
ကံညံ့နေတယ်ဘာလုပ်လုပ်အဆင်မပြေ ဖြစ်နေတယ်လို့ ခံစားနေရရင် ၂၀၂၃ခုနှစ်အတွက် ကန်စွန်းညွန့် ၂၃ ညွန့်ကို (လက်ကိုင်ပါတဲ့)ဖန်ခွက်နဲ့ အမြင့်တစ်နေရာမှာ တင်ထားပါ။ အိမ်မှာ လူ (၂)ယောက်ရှိရင် ကျောက်ခဲ (၂)လုံးထည့်ပါ။ (၃)ယောက်ရှိရင် (၃)လုံးထည့်ပါ။
ကျောက်ခဲထည့်တဲ့အခါ ဒါက အင်္ဂါသားအတွက်ပါ။ ဒါက ဗုဒ္ဓဟူးသမီး အတွက်ပါလို့ ပါးစပ်ကပြောပြီး ရည်စူးပြီး ထည့်ပါ။ ဘာဆုမှလည်း တောင်းစရာ မလိုပါဘူး။ အမြစ်ဖြူတွေ ထွက်လာပြီး အညွန့်တွေ
တစ်နှစ်ကုန်သွားတိုင်း တစ်ညွန့်တိုးသွားရပါမယ်။
ဥပမာ - 2024 ဆို 24 ညွန့်၊ ရေလေး တပတ်တခါ လဲလဲ ပေးပါ။ နှင်းဆီပန်းက ထည့်လဲရ မထည့်လဲရပါတယ်။
တစ်နှစ်တာကံမြင့်စေမဲ့ ကန်စွန်းညွှန့်အိုး အစီအရင်(နောက်တစ်နည်း)
ပထမဦးစွာ မြေအိုးတစ်လုံးဝယ်ပါ။ ပုံပါအတိုင်း အရွယ်အစားလောက်ဆို ရပါပြီ။
မြေအိုးပဲရမှာပါ။ မြေဓာတ် (ပထဝီဓာတ်)ကိုလိုချင်လို့ပါ။ အိုးကို အဖြူရောင် (သို့)ငွေရောင် ဆေးသုတ်ပါ။
ဆေးကို အခြောက်ခံပြီးတာနဲ့ အိုးထဲ သဲသန့်သန့်လက်တစ်ဆုပ်ခန့်ထည့်ပါ။ ထိုနောက် ရေထည့်ပါ။ နောက်ဆုံးအနေနဲ့ ကန်စွန်းညွှန့်လက်တစ်ဆုပ်ခန့် အိုးထဲထည့်ပါ။ ဒါဆိုရပါပြီ။
ထိုကန်စွန်းအိုးလေးကို အလုပ်စားပွဲဖြစ်စေ၊ ဆိုင်ကောင်တာမှာဖြစ်စေ၊ မိမိအိမ်ဧည့်ခန်းမှာဖြစ်စေ ၊မိမိအိပ်ခန်းမှာဖြစ်စေ ထားလို့ရပါတယ်။
ကန်စွန်းညွှန့်က ရေနဲ့ဆိုတော့ ညှိုးသွားတာမျိုးမရှိပါ။ရေကတော့ အသစ်လဲပေးပါ။
ကန်စွန်းညွှန့်အိုး စတင်စီရင်ရမယ့်အချိန်က ကြာသပတေးနေ့မနက် ၆:၀၀နာရီကနေ မနက် ၇ : ၃၀မိနစ် အတွင်းဆောင်ရွက်ပါ။
အိုးတွေဆေးသုတ်တာ သဲရှာတာ ကန်စွန်းညွှန့်ဝယ်တာတွေကကြာသပတေးနေ့ မတိုင်ခင် ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။
ကြာသပတေးနေ့မနက်ရောက်ရင်တော့ အဲဒါတွေအကုန်လုံး ပြောပြထားတဲ့အတိုင်းကန်စွန်းညွှန့်အိုးလေးကိုစတင်စီရင် ဆောင်ရွက်ရင်ရပါပြီ။
အဆင်ပြေတဲ့ ကြာသပတေးနေ့တစ်ရက်ရက်မှာ ဆောင်ရွက်လို့ရပါတယ်။
၇ရက်သားသမီးအားလုံး တစ်နှစ်တာပတ်လုံး ကျန်းမာ ချမ်းသာပြီး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင်ကြပါစေ။
Comments
Post a Comment