အဘယ ဇာတကအင်းနဲ့ လယ်တီဆရာတော်ကြီးကို မြေဘုတ်ဘီလူးကပေးတဲ့ ပထရမ စမ
၁။ အဘယ ဇာတကအင်းနဲ့ လယ်တီဆရာတော်ကြီးကို မြေဘုတ်ဘီလူးကပေးတဲ့ ပထရမ စမ၊ အဲဒီ နှစ်ခုကို မိမိအိမ်၊ မိမိဆိုင်အဝင်ပေါက် အပေါ်မှာ၊ မိမိကားရှေ့မှာ ချိတ်ဆွဲထားမယ်ဆိုရင် မီးဘေး၊ သူခိုးဘေး၊ ကပ်ဘေး ၊ ကူးစက်ရောဂါဘေးကနေ ကျော်လွှားနိုင်ပါတယ်လို့ လယ်တီ ဆရာတော်ကြီးနဲ့ အဘဆရာကြီး မင်းသိင်္ခက ပြောခဲ့ဖူးပါတယ်။ အဲဒီ အင်းနဲ့ စမ ပုံကို ကာလာ ပရင်တာ နဲ့ မိမိကြိုက်တဲ့ ဆိုဒ်ထုတ်ပြီး အသုံးပြုနိုင်ပါတယ်။ ဆိုဒ်ကြီးခြင်း သေးခြင်းဟာ အရေးမကြီးပါ။ ဆောင်ဖြစ်ဖို့ ပဲ အရေးကြိးပါတယ်။
၂။ ကတော့ သရဏ ဂုံ ဂါထာပါပဲ ။
အဲဒီ သရဏ ဂုံ ဂါထာကို မနက် အခေါက် ၂၀ / ည အခေါက် ၂၀ ရွတ်ဖတ် ပူဇော်ပေးပါ။ ဘာသာရေးလုပ်တတ်တဲ့ သူတွေကတော့ မနက် / ည တိုင်း မေတ္တာသုတ်နဲ့ ပဌာန်းကို ရွတ်ဖတ်ပူဇော်ပေးခြင်းဖြင့် ရန်သူမျိုးငါးပါးဘေးမှ လွတ်ကင်းနိုင်ပါတယ်။ အဲဒါဆိုရင် အဲဒီ ကပ်ဒုက္ခဘေးမှာ လွှတ်မြောက်နိုင်ပါလိမ့်မယ်။ အားလုံး ရေ မီး မင်း ခိုးသူ မချစ်မနှစ်သက်သောသူ စတဲ့
ရန်သူမျိုးငါးပါးဘေးမှာ လွတ်မြောက်နိုင်ကြပါစေ။
Comments
Post a Comment