တန်ခူးလမွေးဖွားသူများအတွက်
တစ်သက်တာဟောစာတမ်း
တန်ခူး လမွေးဖွားသူအများစုတို့သည် ပင်ကိုယ်စိတ်ဓါတ်အားဖြင့် အလွန်သဘောထားကြီးတတ်ကြပါသည်။ လွတ်လပ်ပေါ့ပါးစွာ နေတတ်သည်။ အမြဲတမ်း ကြည်လင်အေးချမ်းစွာ နေပြီး ပြုံးပျော်ရွင်မြူးစွာ ပြောဆိုနေတတ်သည်။ ဖြတ်ထိုးဉာဏ် ကောင်းမည်။ ဟာသဉာဏ် ရွှင်သည်။ အပေါ်ယံအားဖြင့် ဘာမှ အလေးမထားသလို ပေါ့ပေါ့တန်တန်၊ ဘာသိဘာသာအသွင်သဏ္ဍာန် နေတတ်ပေမယ့် အရေးကြုံသော အခါတွင် ရဲရင့်ထက်မြက်စွာ လုပ်ကိုင်နိုင်စွမ်း ရှိကြသည်။
အရေးကြုံသောအခါတွင် ခေါင်းဆောင်နေရာမျိုးတွင် ဝင်ရောက်ကာ တာဝန်ယူ လုပ်ကိုင်နိုင်စွမ်း ရှိကြသည် ကျန်အချိန်များတွင် ကြွားဝါခြင်း ကင်းလျှက် မထင်မရှားသာ နေတတ်သည်။ ငါသိ၊ ငါတတ်၊ ငါသာမြတ်ဟူသော စရိုက်မရှိ။ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ခြင်းမရှိ ပညာလက်သည်းဝှက် နေတတ်ကြသည် သို့သော် တန်ကူးလဖွားများသည် အငြိုးအတေးကြီးသည် ရင်တွင်းမာန ကြီးမားသည်။
ဒေါသထွက်လာလျှင် ကြောက်စရာကောင်းလှအောင် ခက်ထန်လာတတ်သည် အလွန်ခေါင်းမာစွာ အရွဲ့တိုက်လိုသည် လက်စား ချေလိုသည်။ လူတစ်ယောက်အပေါ် ရန်သူဟု သတ်မှတ်လိုက်ပါက မူလက သိမ်မွေ့မှု၊ လိုက်လျောမှု၊ သဘောထားကြီးမှုတို့ ပျောက်ပျက်ကာ စိတ်ရောကိုယ်ပါ အငြိုးတကြီး ချေမှုန်းလေ့ရှိသည်။
မည်သည့်အခါတွင်မှ ခွင့်လွှတ်တော့ခြင်းမရှိကာ သေတပန်သက်တဆုံး လက်တုံ့ပြန်လေသည်။ တန်ခူးလဖွားတို့သည် အမြဲတမ်း လှုပ်ရှားရုန်းကန် ကြိုးစား နေတတ်ကြသည်။ တစ်ခါတစ်ရံ တွေဝေမိုက်မဲစွာ ပြုမူတတ်ကြပြန်သည်။ ကြောက်လွယ်သော ရဲလွယ်သော သဘောရှိသည်။
တစ်ခါတစ်ရံ
ဘာမှ မဟုတ်တာလေးများကို တွန့်ဆုတ်နေတတ်ကြပြီး၊ တစ်ခါတစ်ရံ
ရဲဝံ့ပြတ်သားစွာ ပြုမူနေတတ်ကြပြန်သည်။ အကြံအစည် ကြီးသည် အပြောကောင်းသည်။
အပေါင်းအသင်းဆန့်သည်။ အသွားအလာ လျှင်မြန်ဖြတ် လတ်သည်။ အသီးအရွက်ကို
ပိုနှစ်သက်သည်။
တန်ခူးလဖွားတို့သည် ဘဝကို အများအားဖြင့် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းကြရသည်။ အခက်အခဲများစွာကိုလည်း ပခုံးဖြင့်ထမ်းကာ ဖြေရှင်းပေးကြရတတ်သည်။ ကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်တို့တွင်သော်လည်းကောင်း အခက်အခဲ၊ အကြပ်အတည်းဖိနှိပ် ချုပ်ချယ်မှုများကို တစ်ချိန်ချိန်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးမှ အောင်မြင်သော ဘဝများကိုရောက်ကြသူများဖြစ်သည်။
ဘဝအစတွင်
တိုက်ပွဲကဲ့သို့ ခက်ခဲကျပ်တည်းပြီးမှ နောက်ဆုံးမှာ အောင်မြင်တတ်သည်။
အထူးသဖြင့် စိတ်မြန်သည်။ ခေါင်းမာစွာ ငြင်းခုံလိုသည်။ ကိုယ်ကိုင်စွဲသော
ဝါဒကို တရာသေ ဆုပ်ကိုင်တတ်သည်။ အစစ ခေါင်းဆောင်လိုတတ်သည်။ ဘယ်တော့မှ
မလိမ်တတ်။ ဗြောင်ပြောတတ် ဗြောင်လုပ်တတ်သည်။ ပင်ကိုယ်စရိုက်
အေးဆေးသလောက် မခံချင်စိတ်ကြောင့် တဇွတ်ထိုးလုပ်ကာ ရုတ်တရက်
ထိခိုက်နစ်နာတတ်သည်။
မိခင် အစ်မ၊ အဖွားကဲ့သို့သော ကိုယ့်ထက်အသက်ကြီးသော အမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုအောက်တွင် ရှင်သန်ကြရတတ်သည်။ မမြင်အပ်သော နာမ်လောကပိုင်းမှ မယ်တော်ကြီး တစ်ပါးပါး၏ စောင့်ရှောက်ခြင်းကိုလည်း ခံရတတ်သည်။ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းပြီး ကောင်းမြတ်အောင် ပြုမူနေထိုင်ပေးပါက သူမတူအောင် အောင်မြင်ကြီးပွား တတ်ကြလေသည် လွတ်လပ်မှုကို အလွန် မြတ်နိုး၏။
စွန့်စားရသော
အလုပ်များကို အထူးနှစ်သက်၏။ ခရီးသွားလာနေရသည်ကို သဘောကျ၏။ ဗဟုသုတ
ရှာဖွေ လိုက်စားလို၏။ ဗေဒင်လက္ခဏာစသော လောကီပညာများကို ယုံကြည်လက်ခံ၍ လက်တွေ့
စမ်းသပ်ကြည့်လို၏။ ယုံကြည်ချက်နှင့် ရည်ရွယ်ချက်ကြီးမားကြသည်။ သူတစ်ပါး၏
သြဇာလွှမ်းမိုးမှုကို အလွန်မုန်းသည်။
စွမ်းဆောင်ချက်နှင့်
လုပ်ရည်ကိုင်ရည် ပြည့်ဝသော်လည်း ခေါင်းမာခြင်း၊ ကြာရှည်စွာ စောင့်စားရသည်ကို
သည်းမခံနိုင် ခြင်းတို့ကြောင့်
အောင်မြင်ခါနီးမှ လက်လွတ်သွားရသော အခြေအနေမျိုး မကြာခဏ ကြုံရတတ်သည်
ထိုမျှသာမက မိမိအရွယ်ရောက်ချိန်တွင် မိဘများ စီးပွားကျဆင်းသွားချိန်နှင့်
တိုက်ဆိုင်သွားမှုမျိုး၊ မောင်နှမသားချင်းတို့၏ဒဏ်ကို
ခံရခြင်းတို့ပါ ကြုံရတတ်သဖြင့် စီးပွားရေးတွင် စိတ်ရှည်စွာ
ကြိုးစားပေးမှ အောင်မြင်တတ်သည်။![]()
အတိုက်အခံများနှင့်
ကြုံသောအခါ မိုက်ရူးရဲတဇွတ်ထိုး
လုပ်သဖြင့် နစ်နာတတ်သည်။ အလုပ်မကြာခဏ ပြောင်းလုပ်ခြင်းကို ရှောင်ပြီး
တစ်ခုတည်း စွဲမြဲစွာလုပ်သွားပါက အထူးအောင်မြင်သူများဖြစ်၏။ ဘာသာရေး
ဦးထိပ်ပန်ဆင်ပြီး လုပ်ပါ အထူးအောင်မြင်တတ်သည် စစ်ဘက်၊ စက်မှု၊
ဆေးပညာ၊ သတင်းထောက်၊ စိုက်ပျိုးရေး၊အချက်အပြုတ်တို့တွင် အထူးကောင်းကျိုးပေး၏။
အချစ်ရေးနှင့် အိမ်ထောင်ရေး နှလုံးသားရေးတွင် စိတ်အပြောင်းအလဲ မြန်သည်။ ဆုံးဖြတ်ချက် မပြတ်မသား ဖြစ်တတ်သည်။ ကိုယ့်ချစ်သူနှင့် နားလည်မှု လွဲမှားသဖြင့် မကြာခဏချစ်သောက ဝေဒနာတို့ ကျိတ်ပြီး ခံစားရတတ်သည်။ အချစ်ရေးတွင် ကိုယ်တိုင်က စိတ်လှုပ်ရှားမှု များစွာဖြင့် အယုအယ အကြင်နာခံလိုတတ်ငြား ကိုယ်တိုင်က အေးတိအေးစက် နေတတ်သဖြင့် အဆင်မပြေဖြစ်တတ်သည်။
ထို့အပြင်
ကိုယ်ထင်ရာတဇွတ်ထိုး ဆုံးဖြတ်ပြီး တစ်ယောက်မကောင်း တစ်ယောက်ပြောင်း ဟူသော
စိတ်ဓါတ်ကြောင့် မှားယွင်းတတ်သည်။ အချစ်ဦး၏ ပြစ်သွားခြင်း ခံရတတ်သည်။
အိမ်ထောင်ဖက် ရွေးချယ်သောအခါ တွင် နှလုံးသားမှာ ဆန္ဒထက်
ကိုယ့်အိမ်ထောင်ဖက်သား အပေါ်တွင် သနားစိတ်၊ သနားချစ်ဖြင့်
ရွေးချယ်တတ်ကြသည်။ အိမ်ထောင်ရေးတွင် ဦးနှောက်ကို ဦးစားပေးဆုံးဖြတ်
ရွေးချယ်ပါက ပို၍ စိတ်ချမ်းသာကြရ တတ်သည်။
ရုပ်ရည်တင့်တယ်တတ်ရုံသာမက ဆွဲဆောင်အားကောင်းသော မျက်ဝန်း၊ စူးရှတောက်ပသော မျက်ဝန်းတို့ကို ပိုင်ဆိုင်ထားတတ်ကြသည်။ အသားထက် အသီးအရွက်ကိုပို ကြိုက်၏။ ကျန်းမာရေးအတွက် ကြက်သွန်နီ၊ချင်း၊ ငရုတ်ကောင်းတို့ကို ဓါတ်စာအဖြစ် မကြာခဏ စားသုံးသင့်ပါသည်။
သတိထားရမည့်
ဘေးအန္တရယ်များမှာ မီးဘေးသတိထားရမည်။ လျှပ်စစ်မီး ရှောစ့်ဖြစ်တတ်သည်။
စက်ကရိယာတို့ ထိခိုက်တတ်သည်။ လက်နက်ခဲယမ်းမီးကျောက် ပေါက်ကွဲမှုကို
သတိပြုရမည်။ သို့သော် ယေဘုယျမျှသာဖြစ်ပြီး
သတိထားသွားလာဆောင်ရွက်က ဥပဒ်ကင်းမည်။ ဦးခေါင်းနှင့်ခြေထောက် တို့တွင်
ထိခိုက်ဒဏ်ရာ ရတတ်သည်။ အရက်သေစာသောက်စားသူများမှာ
ထိုဥပဒ်အန္တရယ်မျိုး အဖြစ်များပြီး မိန်းမအဖျက်ပါ ကြုံတွေ့ရတတ်သည်။
သူတစ်ပါးက ကိုယ့်ကို အတိုက်အခံ လုပ်ချင်လာတတ်သည်။ ထို့ကြောင့် အရက်သေစာကို ပိုဆင်ခြင်သင့်လေသည်။ တန်ကူးလ မွေးဖွားသူများသည် ယဉ်ကျေးသိမ်မွေ့မှုကို သဘောကျသော်လည်း ကိုယ်တိုင်ကမူ ခြေမြန်လက်မြန်၊ အပြောမြန်သည့် တဇွတ်ထိုး စိတ်တို့ကြောင့် သူများအမြင်တွင် ရိုင်းစိုင်းနေတတ်သည်။
သို့သော်
သဘာဝကျသော အပြင်အဆင်ကို နှစ်သက်ပြီး ခေတ်ပေါ်ဒီဇိုင်း အဝတ်အစားတို့ကို
နှစ်သက်တတ်သည်။ လူစုလူဝေးတွင် ဟေးလားဝါးလား မနေတတ်။ သွက်လက်သပ်ရပ်စွာ
ဝတ်စားတတ်ကြသည်။ အရောင်အားဖြင့် ပန်းရောင်၊ အနီရောင်၊
ကြက်သွေးရောင်တို့ကို သုံးစွဲသင့်သည်။ အနက်ရောင်ကို အထူးရှောင်သင့်ပါသည်။
ပတ္တမြားနှင့်စိန်ကို အထူးဝတ်ဆင်သင့်သည်။ အထူးသဖြင့် ပတ္တမြားလက်စွပ်ကို
လကျာင်္ဘက်လက်ခလယ် တွင် ဝတ်ဆင်သင့်ပေသည်။

Comments
Post a Comment